Our third transferred donations are being used in Nargis reconstruction work.
Following is a brief description of the village being reconstructed with our donations.
Village : Sait Ka Lay
Village Tract : Tha Byu Gone
Single Budget Huts: 38
Net Value: 4,000,000 Kyats (368,525 JPY)
Following is snippet of email from Local Volunteer describing about project completion.
ကျွန်တော်တို့ အဖွဲ့ရဲ့ အိမ်ဆောက်လုပ်ခြင်း လုပ်ငန်းတွေကို ရပ်နားခဲ့ပါပြီ။ မိုးလေဝသနဲ့ အခြားသော အကြောင်းအမျိုးမျိုးတွေကြောင့် နောက်ဆုံးဆောက်ခဲ့တဲ့ ဆိပ်ကလေး ရွာအကြောင်းကို အခုမှ တင်ပြနိုင်တာ ခွင့်လွှတ်စေချင်ပါတယ်။ ဒီရွာလေးဟာ ကျွန်တော်တို့ ဆောက်ခဲ့သမျှမှာ စိတ်တိုင်းအကျဆုံး၊ အပင်ပမ်းဆုံးနဲ့ အခက်အခဲအများဆုံး ရွာဖြစ်ပါတယ်။ စုစုပေါင်း အိမ်ခြေ ၃၈လုံး ဆောက်လုပ်ပေးခဲ့ပါတယ်။ ဒါ့အပြင် ရွာမှာ တံတားတစ်ခု တည်ဆောက်ခြင်း၊ ဘုန်းကြီးကျောင်း ပြုပြင်ခြင်း၊ ဝါဆိုဆွမ်းကပ်လှူခြင်း၊ ၈ပေအကျယ် လမ်းဖောက်လုပ်ခြင်း စတာတွေကိုလည်း ပြုလုပ်ပေးခဲ့နိုင်ပါတယ်။ ဒီရွာမှာ ဆောက်ခဲ့ကြစဉ်က ကျွန်တော်တို့ အဖွဲ့တွေ အဲဒီမှာ အလှည့်ကျ ညအိပ်ပြီးတော့ကို ကိုယ်တိုင်ပါဝင် လုပ်ကိုင်ခဲ့ကြတာပါ။ နောက်တစ်ခုက အဲဒီမှာဆောက်တဲ့ အိမ်တွေအတွက် သစ်တွေကို အင်ကညင်သစ်တွေ အကုန်ပေးပြီး ဆောက်လုပ်စေခဲ့တာပါ။ အရင်ရွာတွေမှာ အိမ်တိုင်တွေကို ကိုယ်တိုင် စိုက်ထူစေခဲ့ပေမယ့် ဒီရွာမှာတော့ တစ်အိမ်လုံးအတွက် သစ်အကုန်ပေးခဲ့ပါတယ်။ ဒီရွာ ဆောက်လုပ်နိုင်ဖို့ အတွက် ငွေလှူဒါန်းခဲ့သူတွေကတော့ စင်္ကာပူက ပုညကုသလ အသင်းနဲ့ ဂျပန်နိုင်ငံ နာဂအိုကာ က Myanmar Student Association of Nagaoka University of Technology, Japan ကျောင်းသားတွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ကို လုပ်အားကုသိုလ် ပါဝင်ခွင့်ရအောင် ကူညီ လှူဒါန်းခဲ့ကြသူ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်။Nyi Lynn Seck
Handy Myanmar Youths Volunteer Group








